Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2025-06-25 15:08:13
သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ သီရိလင်္ကာ နိုင်ငံ၊ ကိုလံဘိုမြို့ရှိ Bandaranaike Memorial International Conference Hall (BMICH) ၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ “Sri Lanka EXPO 2026” ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။။
အဆိုပါပြပွဲသည် သီရိလင်္ကာနိုင်ငံ၏ ကျယ်ပြန့်သော ပို့ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပြသရန်၊ အထူးသဖြင့် အပြန်အလှန်ကုန်သွယ်မှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့် အရေးများကို မြှင့်တင်ရန် ရည်ရွယ်၍ ပြပွဲကို ကျင်းပခြင်းဖြစ်သည်။
“Sri Lanka EXPO 2026” ပြပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲဆိုင်ရာအချက်အလက်များ၊ လက်ကမ်းစာစောင်များကို ပူးတွဲ တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်းနှင့်ပြပွဲဆိုင်ရာ အချက်အလက်အသေးစိတ်ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025